ရခိုင်မှာ ဆောင်းခိုငှက်တွေကို သတ်ဖြတ်ရောင်းချရင် ဥပဒေနဲ့အညီအရေးယူမယ်လို့ အာရက္ခအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ဆောင်းခိုငှက်တွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ရောင်းချတာမလုပ်ဖို့ တားမြစ်ချက် (၇)ချက်နဲ့ ဒီကနေ့မှာ အသိပေးကြေညာလိုက်တာဖြစ်ပါတယ်။ယခုအချိန်သည် ရခိုင်ဒေသသို့ ဆောင်းခိုငှက်များ လာရောက်ကျက်စားတတ်သည့်ရာသီဖြစ်သည်။မသမာသူများသည်လည်း အဆိုပါဆောင်းခိုငှက်များကို ဖမ်းဆီးသတ်ဖြတ်ပြီး ဈေးများနှင့် စားသောက်ဆိုင်းများတွင် ရောင်းချခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
Dec 26 • 2:02 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 29 | 0 | 0 | 0 |


