ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Nerima-ku ရှိ နေအိမ်တစ်အိမ်တွင် ဒီဇင်ဘာ ၂၂ ရက်က အသက် ၃၆ နှစ်အရွယ် မိခင်နှင့် သား ၃ ဦးတို့ သေဆုံးနေမှုကို တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ အဆိုပါအမျိုးသမီးသည် သူမ၏ တိတ်တိတ်ပုန်းရည်းစားဖြစ်သူ (၂၇ နှစ်) ကို အခြားတိုက်ခန်းတစ်ခုတွင် ဦးစွာသတ်ဖြတ်ကာ အလောင်းကို ဗီဒိုအတွင်း ဝှက်ထားခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ ထို့နောက် နေအိမ်သို့ ပြန်လာကာ အသက် ၁၆ နှစ်၊ ၁၁ နှစ်နှင့် ၉ နှစ်အရွယ် သားဖြစ်သူ ၃ ဦးကို ရက်စက်စွာ သတ်ဖြတ်ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားပြီး၊ ဤဖြစ်ရပ်ဆိုးသည် ဖောက်ပြန်မှုနှင့် လူသတ်မှုများ ပေါ်ပေါက်သွားပါက မိသားစုအရှက်ရမည်ကို စိုးရိမ်ခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ဖိစီးမှုကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။
တိုကျိုမြို့တွင် အမျိုးသမီးတစ်ဦးက ရည်းစားဖြစ်သူနှင့် သား ၃ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ပွား
Dec 26 • 1:59 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


