back

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးမည်

Dec 26 • 1:58 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စက်သုံးဆီတင်သွင်းမှု ကဏ္ဍကို ပံ့ပိုးရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးမည်ဖြစ်ရာ ယခုဒီဇင်...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စက်သုံးဆီတင်သွင်းမှု ကဏ္ဍကို ပံ့ပိုးရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးမည်ဖြစ်ရာ ယခုဒီဇင်ဘာလအတွင်း စုစုပေါင်းဒေါ်လာ ၁၁၃ သန်းအထိ ထုတ်ရောင်းပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ဒီဇင်ဘာ ၂၄ ရက်တွင်လည်း CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများကို စားသုံးဆီနှင့် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ခွဲဝေရောင်းချပေးခဲ့သလို၊ FX Trading စနစ်မှတစ်ဆင့် ဆေးဝါး၊ လူသုံးကုန်နှင့် စိုက်ပျိုးရေးသုံးပစ္စည်း တင်သွင်းသူများအတွက်လည်း လိုအပ်သော နိုင်ငံခြားငွေများကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

30