လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒီဇင်ဘာလ ၂၅ ရက်တွင် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ရှိ ကနစိုးကုန်းကျေးရွာ ကက်သလစ်ဘုရားကျောင်း၌ ကျင်းပသည့် ခရစ်စမတ်ပွဲတော်သို့ တက်ရောက်ခဲ့ပြီး၊ နိုင်ငံတော်အနေဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အစဉ်တစိုက် အလေးထားလျက်ရှိကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဝန်ကြီးသည် ဘုရားကျောင်းအတွက် ဆိုလာမီးနှင့် လက်ဆောင်ပစ္စည်းများ လှူဒါန်းခဲ့သည့်အပြင်၊ နံနက်ပိုင်းကလည်း ကျုံမငေးမြို့ရှိ မြတ်စွယ်တော်ဈေးကျောင်းတိုက်၌ ကျင်းပသည့် ဗုဒ္ဓရုပ်ပွားတော် အဆူ (၅၀၀) အနေကဇာတင်ပွဲနှင့် ဆရာတော်ကြီး၏ သိက္ခာထပ်မင်္ဂလာ အခမ်းအနားများသို့ တက်ရောက်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို အစိုးရက အလေးထားဆောင်ရွက်နေကြောင်း ဝါးခယ်မခရစ်စမတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြောကြား
Dec 26 • 1:57 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 29 | 0 | 0 | 0 |


