ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် မြို့နယ်ပေါင်း (၆၃) မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ အပိုင်း (၃) တွင် ရန်ကုန်တိုင်းမှ ၁၇ မြို့နယ်၊ ရှမ်းပြည်နယ်မှ ၉ မြို့နယ်၊ ဧရာဝတီတိုင်းမှ ၉ မြို့နယ်၊ ပဲခူးနှင့် မန္တလေးတိုင်းတို့မှ ၈ မြို့နယ်စီ အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မြို့နယ်များ ပါဝင်သည်။ ၎င်းမတိုင်မီ ရွေးကောက်ပွဲအပိုင်း (၁) ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် (၁၀၂) ခု၌လည်းကောင်း၊ အပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် (၁၀၀) ခု၌လည်းကောင်း အဆင့်ဆင့် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
Dec 26 • 1:51 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


