နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ "ထိုက်သူပန်" တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မိသားစုမှ ကြီးမှူး၍ ဆောင်းရာသီအအေးဒဏ် ခံစားနေရသည့် ပြည်သူများအတွက် အနွေးစောင်အထည် (၂,၀၀၀) ကို ဒီဇင်ဘာလ ၂၅ ရက် (ခရစ်စမတ်နေ့) တွင် (၅) ကြိမ်မြောက်အဖြစ် လှူဒါန်းခဲ့သည်။ ဤအလှူကို လွန်ခဲ့သော ၅ နှစ်ခန့်က စောင်အထည် (၁,၂၀၀) ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး၊ လာရောက်အလှူခံသူ များပြားသဖြင့် ဒုတိယအကြိမ်မှစ၍ အထည် (၂,၀၀၀) သို့ တိုးမြှင့်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ စနစ်တကျရှိစေရန်အတွက် ဒီဇင်ဘာ ၂၃ နှင့် ၂၄ ရက်တို့တွင် တုံကင်များ ကြိုတင်ဝေငှပေးခဲ့ပြီး၊ ဒီဇင်ဘာ ၂၅ ရက်နေ့ညနေပိုင်းတွင် ကလေးငယ်များမှစ၍ အမှန်တကယ် လိုအပ်နေသူများကို လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 26 • 1:49 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 30 | 0 | 0 | 0 |


