back

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ တရုတ်သံရုံးက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စနစ် လွှဲပြောင်းပေးအပ်

Dec 26 • 1:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ တရုတ်သံရုံးက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စနစ် လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး (Solar) လျှပ်စစ်ဓာတ်အားစနစ် ကို ဒီဇင်ဘာ ၂၄ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။ ယခုစနစ်သည် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား 256,000 kWh ထုတ်လုပ်ပေးနိုင်ပြီး တက္ကသိုလ်အတွက် လျှပ်စစ်ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ 30,000 ကျော် သက်သာစေမည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုလည်း ၂၁၈ တန်အထိ လျှော့ချပေးနိုင်မည် ဖြစ်သည်။ အဆိုပါစနစ်တွင် အရေးပေါ်ဓာတ်အား ၆ နာရီအထိ ထောက်ပံ့ပေးနိုင်သော ဘက်ထရီစနစ်လည်း ပါဝင်ကာ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သံအမတ်ကြီး Ms. Ma Jia က ပြောကြားခဲ့သည်။

news-view-count-icon

35