သရုပ်ဆောင်ထက်ထက်မိုးဦးဟာ မန္တလေး အမရပူရမှာရှိတဲ့ သီရိဗီလာက သူမရဲ့ အိမ်အသစ်ကို လာမယ့် နှစ်သစ် ဇန်နဝါရီလ ၁ရက်နေ့မှာ အိမ်သစ်တက်မင်္ဂလာပွဲလေး ပြုလုပ်သွားမယ်လို့ သိရပါတယ်။သီရိဗီလာမှာရှိတဲ့ သူမရဲ့ခမ်းနားလှတဲ့အိမ်ကြီးအတွက် လိုအပ်တဲ့ ပစ္စည်းလှလှလေးတွေကိုလည်း မိတ်ဆွေတွေက လက်ဆောင်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရကြောင်း သရုပ်ဆောင်ထက်ထက်မိုးဦးက ဆိုထားပါတယ်။



