ဧရာဝတီအမျိုးသမီးအသင်းက လူငယ်ကစားသမား သုံးဦးကို Young Lioness အသင်းထံသို့ ရာသီဝက် အငှားချထားကြောင်း အသင်းက တရားဝင် သတင်းထုတ်ပြန်ပါတယ်။ Young Lioness ကို အငှားချထားတဲ့ ကစားသမား သုံးဦးကတော့ တိုက်စစ်မှူး ရှင်းသန့်ဖြူစင်ပြုံး၊ စိုင်းထွယ်နန်းနဲ့ သဲအိလှိုင်တို့ဖြစ်ပါတယ်။ Young Lioness အသင်းဟာ အာရှဖလားခြေစစ်ပွဲအောင် မြန်မာယူ-၁၇အမျိုးသမီးလက်ရွေးစင်အသင်းဖြစ်ပြီး ပြိုင်ပွဲအတွေ့အကြုံရစေဖို့အတွက် အာရှဖလားခြေစစ်ပွဲမတိုင်ခင်ကတည်းက မြန်မာအမျိုးသမီးလိဂ်မှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အသင်းဖြစ်ပါတယ်။



