back

သံတမန်တွေ ပြန်ခေါ်ယူမယ့် အစီအစဉ် ရုတ်သိမ်းဖို့ ထရန့်ကို အမေရိကန် ဒီမိုကရက်အမတ်တွေ တိုက်တွန်း

Dec 25 • 6:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

သံတမန်တွေ ပြန်ခေါ်ယူမယ့် အစီအစဉ် ရုတ်သိမ်းဖို့ ထရန့်ကို အမေရိကန် ဒီမိုကရက်အမတ်တွေ တိုက်တွန်း

သံတမန် ၃၀ နီးပါးကို ပြန်လည် ခေါ်ယူမယ့် အစီအစဉ်ကို ပြန်ရုတ်သိမ်းရေး အမေရိကန် ဒီမိုကရက် လွှတ်တော် အမတ်တွေက သမ္မတ ဒေါ်နယ် ထရန့်ကို ဒီဇင်ဘာ ၂၄ ရက်မှာ တိုက်တွန်းလိုက...

သံတမန် ၃၀ နီးပါးကို ပြန်လည် ခေါ်ယူမယ့် အစီအစဉ်ကို ပြန်ရုတ်သိမ်းရေး အမေရိကန် ဒီမိုကရက် လွှတ်တော် အမတ်တွေက သမ္မတ ဒေါ်နယ် ထရန့်ကို ဒီဇင်ဘာ ၂၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။အဲဒီ လုပ်ရပ်ကြောင့် တရုတ်နဲ့ ရုရှားတို့လို ပြိုင်ဖက်နိုင်ငံတွေက သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို တိုးချဲ့ဖို့ ဖြစ်လာနိုင်စေမယ့် ခေါင်းဆောင်မှုအပိုင်း လစ်ဟာသွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဒီမိုကရက် လွှတ်တော်အမတ်တွေက ထရန့်ကို သတိပေးထားပါတယ်။ဥရောပ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိက တဝှမ်း တာဝန်ထမ်းဆောင်နေကြတဲ့ ဝါရင့် သံတမန်တွေကို ဝါရှင်တန်သို့ ပြန်လာကြဖို့ ထရန့် အစိုးရက ညွှန်ကြားထားပါတယ်။သမ္မတရဲ့ အမေရိကန် ပထမ မူဝါဒ ဦးစားပေးကိစ္စတွေနဲ့ ပြည်ပရှိ သံအဖွဲ့တွေရဲ့ လုပ်ရပ်တွေ ကိုက်ညီစေရေး အစိုးရက ကြိုးပမ်းနေချိန်မှာ ထရန့်ရဲ့ အခုလို ညွှန်ကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပြန်လည် ခေါ်ယူထားတဲ့ သံတမန်တွေကို ဘယ်အချိန်မှာ ဘယ်လို အစားထိုး ခန့်အပ်သွားမလဲ ဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားတာ မရှိသေးပါဘူး။အကြီးတန်း အရာရှိ တစ်ယောက်ကတော့ ဒီလုပ်ရပ်ဟာ ဘယ်အစိုးရအဖွဲ့မှာ မဆို စံချိန်မီ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ဒီမိုကရက် လွှတ်တော်အမတ် ၁၀ ဦးက ဒီလုပ်ရပ်ကို အမေရိကန် နိုင်ငံခြားဆက်ဆံရေးရဲ့ ခေတ်သစ် ရာဇဝင်မှာ မမြင်တွေ့ဖူးတဲ့ လုပ်ရပ်ဖြစ်ပြီး ဆက်လက် လည်ပတ်နိုင်ရေး ရှင်းလင်းတဲ့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့် ကမ္ဘာတစ်ဝှမ်း စေလွှတ်ထားတဲ့ သံတမန် ရာထူးနေရာ အားလုံးထဲက ထက်ဝက်လောက် ဖြစ်တဲ့ ရာထူးနေရာ ၁၀၀ ကျော်မှာ အမေရိကန် သံအမတ်တွေ လစ်လပ်သွားမှာ ဖြစ်တယ်လို့ ဒီမိုကရက် လွှတ်တော် အမတ်တွေက သတိပေးထားပါတယ်။ဒီလို အမေရိကန် သံအမတ် ရာထူးနေရာတွေ လစ်လပ်နေချိန်မှာ တရုတ်နဲ့ ရုရှားလို ပြိုင်ဖက်နိုင်ငံတွေက ပုံမှန် သံတမန် ဆက်ဆံရေးတွေကတဆင့် သူတို့ရဲ့ သြဇာလွှမ်းမိုးမှု ပိုများလာအောင် လုပ်ရင်း အမေရိကန်ရဲ့ အကျိုးစီးပွားတွေ ထိခိုက် ပျက်ဆီးအောင် လုပ်ဆောင်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သတိပေးနေတာလည်းဖြစ်ပါတယ်။သံတမန်ရေးဆိုင်ရာ ရာထူးခန့်အပ်မှုကို ဒီမိုကရက်တွေက တားဆီးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပြီး အိမ်ဖြူတော်က မေးခွန်း မေးစရာရှိရင် နိုင်ငံခြားရေးသို့ မေးမြန်းဖို့ ပြောပါတယ်။



news-view-count-icon

35