back

ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်ရေး ဆွေးနွေးမှုတွေ ပြန်စတင်ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်

Dec 25 • 6:52 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်ရေး ဆွေးနွေးမှုတွေ ပြန်စတင်ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်

ဒီလအတွင်းနှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားပြီးနောက် ထိုင်းနဲ့ကမ္ဘောဒီးယား ဟာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်လိုက်ပါတယ်။နှစ်နိုင်ငံ နယ...

ဒီလအတွင်းနှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားပြီးနောက် ထိုင်းနဲ့ကမ္ဘောဒီးယား ဟာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်လိုက်ပါတယ်။နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီး အရပ်သားတွေ အပါအဝင် လူ ၄၀ ကျော် သေဆုံးကာ ၇၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။ဒီဇင်ဘာ၂၄ရက်ဗုဒ္ဓဟူးနေ့နေ့လည်ပိုင်းက နယ်စပ်အနီးမှာ ဆွေးနွေးမှုတွေ စတင်ခဲ့တယ်လို့ နှစ်နိုင်ငံစလုံးက ကြေညာခဲ့ပါတယ်။ဒီဇင်ဘာ၂၇ရက်စနေနေ့မှာပြုလုပ်မယ့် အစည်းအဝေးသို့ ထိုင်းနဲ့ကမ္ဘောဒီးယားမှ ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ကြဖို့ မျှော်မှန်းရပါတယ်။မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အ ထူးအစည်းအဝေးမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ နှစ်ဘက်စလုံးက သဘော တူခဲ့တာပါ။



news-view-count-icon

9