နေပြည်တော်တွင်ပြီးခဲ့သည်လများကကြက်အရှင်စျေးနှုန်းဆက်တိုက်မြင့်တက်ခဲ့သဖြင့် ကြက်အသားဈေးများ မြင့်တက်ခဲ့သော်လည်းကြက်အရှင်ဖမ်းစျေးမှာ နိုဝင်ဘာလနောက်ဆုံးပတ်မှစ၍ ဈေးပြန်ကျသွားခဲ့သော်လည်း အသားဈေးကျဆင်းခြင်းမရှိသေးကြောင်းသိရသည်။"ဆောင်းဝင်လာပြီးအအေးပိုလာတော့ကြက်မွေးတဲ့သူတွေကအနာဝင်မှာစိုးပြီးရောင်းတဲ့သူများလာတော့ ကြက်အရှင်ဖမ်းစျေး ပြန်လည်ကျသွားတယ်။ အရှင်ဈေးသာဈေးချ ဝယ်တားအသားဈေးကကျမသွားသေးဘူး ”ဟု ကြက်မွေးမြူသူတစ်ဦးမှပြောသည်။ကြက်အရှင်စျေးနှုန်းသည်အောက်တိုဘာလမှစ၍ နိုဝင်ဘာလအတွင်းထိဈေးဆက်တိုက် မြင့်တက်ခဲ့ပြီးနောက်ယခုလက်ရှိတွင်အအေးပိုလာပြီးကြက်အနာများရှိလာသည့်အတွက်ကြက်ခြံများမှ ကြက်ပြန်ထုတ်သူများသည့် အတွက်ဈေးပြန်ကျသွားခြင်းဖြစ်ကြောင်းသိရသည်။စျေးကွက်ထဲကို ကြက်ကြီးဝင်ရောက်မှုများပြီး ဈေးပြန်ကျသွားသည့်အတွက် မွေးမြူရေးလုပ်ကိုင်သူများမှာ တွက်ချေမကိုက်ကြောင်း၊ ယခုအထိ ကြက်ခြံတွေမှာ ရောဂါပိုးဝင်ရောက်မှုရှိနေပြီး ကြက်ငယ်သေဆုံးမှုများနေဆဲဖြစ်လို့ ကြက်ကြီးအရှင်ဖမ်းစျေးကျဆင်းတာ မွေးမြူသူတွေအတွက် အဆင်မပြေကြောင်း မွေးမြူရေးလုပ်ကိုင်သူများက ပြောသည်။



