ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ အအေးခန်းစက်ရုံများ၌ ထုတ်လုပ်သည့် ရေချိုနှင့် ရေငန် ငါး/ပုစွန်များအား အေးခဲ၍ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။အဆိုပါ စက်မှုဇုန်ရှိ ဟုန်ရှန်ကုမ္ပဏီလီမိတက်အအေးခန်းစက်ရုံအတွင်း Normal System နှင့် CNP System များဖြင့် ရေချိုနဲ့ ရေငန်ငါးပုစွန်များ အေးခဲပြီး တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ Ocean World အအေးခန်း စက်ရုံအတွင်း ပြည်ကြီးငါး၊ ပုစွန်၊ ငါးတံခွန်၊ ငါးသလဲထိုး၊ ငါးမုတ်၊ ငါးတီး၊ ငါး ခေါင်းပွ၊ ငါးမုတ်ဖြူ၊ ငါးရွှေ၊ ငါးပုတ်သင်တို့ကို အေးခဲပြုပြင်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။



