ကျောက်ကပ်ရောဂါဆိုတာက ပြန်မကောင်းတော့ဘဲ အခြေအနေဆိုးရွားမှု နှောင့်နှေးအောင်သာ ကုသကြရတယ်လို့ သိထားပါတယ်။ ယခုအခါ သုတေသီတွေက ဆယ်ရာမိုက်လှုပ်ရှားမှုတွေကို ပိတ်ဆို့ပြီးတော့ ကျောက်ကပ်ပျက်စီးခြင်းကို ပြန်ပြောင်းစေနိုင်မယ့် အလားအလာတွေ တွေ့ရှိထားပါတယ်။ ဆယ်ရာမိုက်ဆိုတာက အဆီမော်လီကျူးဖြစ်ပြီး ကျောက်ကပ်အတွင်း ဆဲလ်ထိခိုက်မှုနဲ့ ဆက်စပ်နေပါတယ်။ တိရိစ္ဆာန်စမ်းသပ်မှုတွေမှာတော့ ဆယ်ရာမိုက်တွေကို ပစ်မှတ်ထားပြီး ကျောက်ကပ်ဆဲလ်တွေ ပျက်စီးခြင်းမှ ကာကွယ်ပေးကာ လုပ်ဆောင်ချက် ပုံမှန်ပြန်ဖြစ်စေပါတယ်။ ဆယ်ရာမိုက်ပမာဏ မြင့်တက်လာတဲ့အခါ ကျောက်ကပ် ရောင်ရမ်းခြင်း၊ ဒဏ်ရာဖြစ်ခြင်း၊ လုပ်ဆောင်ချက် ရေရှည်ပျက်စီးခြင်းတို့ ဖြစ်လာစေပါတယ်။



