တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) က ပေါ်ဟိုင်ပင်လယ်၏ ရေတိမ်ပိုင်း Neogene ဖွဲ့စည်းမှုများတွင် ကြီးမားသည့် ရေနံလုပ်ကွက်သစ် ချင်ဟွမ်သောင် ၂၉-၆ ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်၌ ကြေညာခဲ့သည်။ယင်းသည် ၂၀၁၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံစိမ်းထုတ်လုပ်မှုအခြေစိုက်စခန်းဖြစ်သည့် ပေါ်ဟိုင်ရေနံမြေတွင် တန်ချိန် သန်းတစ်ရာအဆင့်ရှိသော ရေနံလုပ်ကွက်ကို ခုနစ်ကြိမ်ဆက်တိုက် ရှာဖွေတွေ့ရှိမှုဖြစ်သည်။အဆိုပါရှာဖွေတွေ့ရှိမှုသည် တရုတ်နိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ် အခြေစိုက်စခန်းအား ပိုမိုအားကောင်းစေပြီး အမျိုးသားစွမ်းအင်လုံခြုံမှုရှိစေရေးအတွက် အလွန်အရေးကြီးကြောင်း CNOOC က ထုတ်ပြန်ခဲ့သည်။



