back

ပြည်တွင်း၌ လယ်ယာထွက်ကုန်များမှာ ဓာတ်ကြွင်းကင်းစင်ရေးအတွက် တားမြစ်ပိုးသတ်ဆေးများ အသုံးမပြုဖို့ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေ

Dec 25 • 3:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ လယ်ယာထွက်ကုန်များမှာ ဓာတ်ကြွင်းကင်းစင်ရေးအတွက် တားမြစ်ပိုးသတ်ဆေးများ အသုံးမပြုဖို့ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေ

ပြည်တွင်း၌လယ်ယာထွက်ကုန်များတွင် တားမြစ်ပိုးသတ်ဆေး ၂ မျိုးကို အသုံးမပြုရန်အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပိုးသတ်ဆေးမှတ...

ပြည်တွင်း၌လယ်ယာထွက်ကုန်များတွင် တားမြစ်ပိုးသတ်ဆေး ၂ မျိုးကို အသုံးမပြုရန်အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ တာဝန်ရှိသူများမှ စိုက်ပျိုးတောင်သူများနှင့် မြေဩဇာနှင့်ပိုးသတ်ဆေး အရောင်းဆိုင်လုပ်ငန်းရှင်များကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။အဆိပ်ရှိပစ္စည်း(၂)မျိုးဖြစ်တဲ့ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေးတွေ သုံးစွဲကြတဲ့အခါ ပြည်ပပို့ကုန် လယ်ယာထွက်ကုန်တွေနဲ့ စားသုံးသူပြည်သူများကို ထိခိုက်နိုင်တဲ့ ဓာတ်ကြွင်းကျန်ရှိမှုများတာကြောင့် ဒီပိုးသတ်ဆေးတွေ ရောင်းချတာမပြုလုပ်ဖို့၊ စိုက်ပျိုးတောင်သူတွေ အနေနဲ့လည်း စိုက်ပျိုးရာမှာ ထည့်သွင်းအသုံးမပြုဖို့ကို တိုင်းနဲ့ပြည်နယ် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူကို ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အသိပညာပေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။ တကယ်လို့ အသိပညာပေးပြီးနောက်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့ စစ်ဆေးမယ်။ စစ်ဆေးတဲ့အခါမှာတော့ အမိန့်ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင် ပိုးသတ်ဆေးဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ်"လို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောပါတယ်။လယ်ယာထွက်ကုန်တွေမှာ ဓာတ်ကြွင်းကင်းစင်စေရေး ဆောင်ရွက်ဖို့ လိုအပ်တာကြောင့် ပိုးသတ်ဆေး ဥပဒေပုဒ်မ (၈) အရ စပါး၊ ပဲတီစိမ်း၊ မတ်ပဲ အများဆုံးစိုက်ပျိုးတဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ဓာတ်ကြွင်းအာနိသင်တွေများတဲ့ ပိုးသတ်ဆေးတွေကို စီမံထိန်းချုပ်ဆောင်ရွက်ရေးအတွက် အဆိပ်ရှိပစ္စည်း ၂ မျိုးဖြစ်တဲ့ သိုင်ရာမီသောက်ဇင် (Thiamethoxam) နဲ့ ကလိုသိုင်ရာနီဒင်(Clothianidin) ပိုးသတ်ဆေးတွေ သုံးစွဲခွင့်ကို ဒီဇင်ဘာလ ၉ ရက်နေ့မှစပြီး ၂ နှစ်ကာလအထိ တားမြစ်ပိတ်ပင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့သည့် ရာသီတွင် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တဲ့ ပဲတီစိမ်းနှင့် EU သို့ တင်ပို့တဲ့ ပေါင်းဆန်များတွင် ပိုးသတ်ဆေး ဓါတ်ကြွင်းကျန်နေသည့်အတွက် မြန်မာနိုင်ငံကို ပဲတီစိမ်းနှင့်ပေါင်းဆန်များ ပြန်လည်သယ်ယူခဲ့ရတဲ့ အခြေအနေရှိခဲ့ပြီး လက်ရှိမှာ EU ပေါင်းဆန် ကိစ္စဖြေရှင်းပြီး၍ အမှာစာများပြန်လည်ရရှိနေကြောင်းနှင့် စပါး၊ ပဲတီစိမ်းနှင့် မတ်ပဲ စိုက်ပျိုးနေသောတောင်သူများနဲ့ လယ်ယာလုပ်ငန်းမှာပါဝင်လုပ်ကိုင်နေသူအားလုံး အနေဖြင့် တားမြစ်ထားတဲ့ အဆိုပါ ပိုးသတ်ဆေးများကို မသုံးစွဲကြဖို့ တာဝန်တစ်ရပ်အဖြစ်ရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

news-view-count-icon

39