ထိုင်းနိုင်ငံ၊ ချွန်ဘူလီမြို့ရှိ အလုပ်ရုံတစ်ခုတွင် အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၂၄ ဦးသည် အလုပ်သစ်စောင့်ကာလအတွင်း လုပ်အားခရမည်ဖြစ်ကြောင်း ကူညီပေးခဲ့သည့် WAG အဖွဲ့မှထုတ်ပြန်သည်။ မြန်မာအလုပ်သမားများသည် ၎င်းအလုပ်ရုံတွင် ကြားစပ်ကုမ္ပဏီမှတဆင့်ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အလုပ်ရုံဘက်မှ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အလုပ်ဖြုတ်ခဲ့ပြီး ကြားစပ်ကုမ္ပဏီနှင့် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေသည့်အတွက် WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်းသိရသည်။ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြန်မယအလုပ်သမားများနှင့်အတူ မြို့နယ်ဆဝါဒီကန် အလုပ်သမားရုံးတွင် သွားရောက်တိုင်ကြားခဲ့ပြီး ကြားစပ်ကုမ္ပဏီက အလုပ်အသစ်ပြန်ရှာပေးမည့် အပြင် အလုပ်သစ်စောင့်ရသည့်ကာလအတွင်း လုပ်အားခပုံမှန်ရှင်းပေးမည်ဟု ကတိပေးခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။



