မြန်မာဖူဆယ်လိဂ်ပြိုင်ပွဲဝင် မန္တလေးအခြေစိုက် M2K အသင်းဟာ အင်ဒိုနီးရှားနိုင်ငံသား ဖြစ်သူ 𝐌𝐮𝐡𝐚𝐦𝐦𝐚𝐝 𝐈𝐪𝐛𝐚𝐥 𝐏𝐚𝐬𝐚𝐫𝐢𝐛𝐮 ကို ခေါ်ယူလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။M2K အသင်းဟာ ပထမဆုံးနိုင်ငံခြားသား ခေါ်ယူမှုအဖြစ် မိုဟာမက်အစ်ဘယ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး မြန်မာလိဂ်မှာ ခြေချတဲ့ ပထမဆုံးအင်ဒိုနီးရှားကစားသမားဖြစ်လာပါတယ်။အစ်ဘယ်ဟာ မလေးရှားကလပ် Penang အသင်းမှာနောက်ဆုံးကစားခဲ့ပြီး အင်ဒိုနီးရှားကလပ်အသင်းများမှာလည်း ကစားထားခဲ့သူဖြစ်ပါတယ်။မန္တလေးအခြေစိုက် M2K အသင်းဟာ လိဂ်-၁ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေတဲ့အသင်းဖြစ်ပြီး အောင်မြင်မှုများရယူနိုင်ဖို့မျှော်မှန်းထားတာလည်းဖြစ်ပါတယ်။



