အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်း ဆော်ဒီပရိုလိဂ်ချန်ပီယံဆု ရရှိခဲ့ရင် အပိုဆုကြေး ပေါင်(၈)သန်း ရရှိမယ်လို့ သိရပါတယ်။စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းကို ၂၀၂၃ ဇန်နဝါရီမှာ ပြောင်းရွှေ့ခဲ့ပြီး (၃)ရာသီ ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ပေမဲ့ ချန်ပီယံဆု ရယူနိုင်ခြင်းမရှိသေးပါဘူး။အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်မှာ ချန်ပီယံဆု(၁၀)ကြိမ် ဆွတ်ခူးထားပေမဲ့ ၂၀၁၈-၁၉ ရာသီနောက်ပိုင်းမှာ ချန်ပီယံဆုနဲ့ ဝေးကွာနေပါတယ်။ဒီရာသီမှာတော့ ပွဲစဉ်(၉)ပွဲ ယှဉ်ပြိုင်အပြီးမှာ ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက အယ်လ်ဟီလာအသင်းကို (၄)မှတ်ဖြတ်ထားတာကြောင့် စီရော်နယ်လ်ဒိုရဲ့ အပိုဆုကြေးအကြောင်း မီဒီယာတချိုု့က ဖော်ပြခဲ့ကြတာပါ။



