မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ချောင်းဖြူကျေးရွာ၌ မိုးတွင်းကာလ တောင်ကျချောင်းရေများ ဖြတ်သန်းစီးဆင်းဝင်ရောက်ပြီး ဆားပွက်ချောင်း ကမ်းပါးပြိုကျမှုများကြောင့် လူနေအိမ်များ ကြိုတင်ပြောင်းရွှေ့ခဲ့ရမှု ဖြစ်ပွားခဲ့သည့်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့် အတွက် အဆိုပါကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ လူနေအိမ်းများ၊ ကျေးရွာလမ်းများနှင့် စိုက်ပျိုးမြေများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဒဏ်မှ ကြိုတင်ကာကွယ် နိုင်မည့်အပြင် မိုးတွင်ကာလ ဆားပွက်ချောင်း ရေတိုက်စားမှုဒဏ်မှ နှစ်စဉ် ကင်းဝေးနိုင်ရန် ဒေသခံများက ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း၊ချောင်းဖြူကျေးရွာ၌ ဆားပွက်ချောင်းရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီး
Dec 25 • 3:33 AM
မြန်မာ
မကွေး
မျှဝေမည်
| 36 | 0 | 0 | 0 |


