menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

စင်ကာပူတွင်ဒေါသကြောင့် ဘတ်စ်ကားမှန်ကို ပုလင်းဖြင့်ပေါက်ခဲ့သူ စင်ကာပူအမျိုးသား ထောင်ဒဏ် ၇ လကျော် ချမှတ်ခံရ

Dec 25 • 2:05 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

မျှဝေမည်

share-news
cover

စင်ကာပူတွင်ဒေါသကြောင့် ဘတ်စ်ကားမှန်ကို ပုလင်းဖြင့်ပေါက်ခဲ့သူ စင်ကာပူအမျိုးသား ထောင်ဒဏ် ၇ လကျော် ချမှတ်ခံရ

စင်ကာပူနိုင်ငံသား အသက် ၃၈ နှစ်အရွယ် Quztaza Kamarudin ဟာ အများပြည်သူစီးနင်းတဲ့ ဘတ်စ်ကားပေါ်မှာ ရန်ဖြစ်ပြီးနောက် အပြင်ကနေ ပုလင်းနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် ထောင်ဒဏ် ...

cover-photo

စင်ကာပူနိုင်ငံသား အသက် ၃၈ နှစ်အရွယ် Quztaza Kamarudin ဟာ အများပြည်သူစီးနင်းတဲ့ ဘတ်စ်ကားပေါ်မှာ ရန်ဖြစ်ပြီးနောက် အပြင်ကနေ ပုလင်းနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် ထောင်ဒဏ် ၇ လနဲ့ ၂ ပတ် ကျခံဖို့ တရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက Bukit Panjang ကနေ ထွက်ခွာလာတဲ့ SMRT လိုင်းနံပါတ် 190 အထပ်မြင့်ဘတ်စ်ကားပေါ်မှာ စတင်ခဲ့တာပါ။ အဲ့ဒီအမျိုးသားဟာ ကားပေါ်မှာ အရက်သောက်နေခဲ့ပြီး Orchard Road က The Heeren ကုန်တိုက်အနီးမှာ ကားပေါ်ကဆင်းဖို့ ပြင်တဲ့အချိန် လမ်းပိတ်တယ်ဆိုတဲ့ကိစ္စနဲ့ အသက် ၆၀ အရွယ် Mr Lim တို့ဇနီးမောင်နှံနဲ့ အခြေအတင် စကားများခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲ သူကိုင်ထားတဲ့ Soju အရက်ပုလင်းနဲ့ ဘတ်စ်ကားမှန်ကို အားပြင်းပြင်းနဲ့ ပစ်ပေါက်လိုက်တာကြောင့် မှန်ဟာ ကွဲထွက်သွားပြီး အတွင်းမှာ ထိုင်နေတဲ့ နစ်နာသူ အမျိုးသမီးရဲ့ ပါးကို ထိမှန်ခဲ့ပါတယ်။ ထောင်ဒဏ်အပြင် နစ်နာသူအတွက် နစ်နာကြေး စင်ကာပူဒေါ်လာ ၃,၀၀၀ ကျော်ကိုပါ ပေးလျော်ဖို့ တရားရုံးက အမိန့်ထုတ်ထားပြီး အကယ်၍ မပေးလျော်နိုင်ပါက နောက်ထပ် ထောင်ဒဏ် ရက်ပေါင်း ၂၀ ထပ်တိုး ကျခံရမှာဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

15

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ဘန်ကောက်ရဲ့ အသစ်စက်စက် Skyflyers ပေါ်ကနေ နယူးရီးယား Countdown ပြုလုပ်နိုင်မည်ဖြစ်

ထားဝယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများလုပ်ရန် ညမထွက်ရအမိန့် တစ်ညရုပ်သိမ်း

cover-photo
right-arrow-icon