back

ထားဝယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများလုပ်ရန် ညမထွက်ရအမိန့် တစ်ညရုပ်သိမ်း

Dec 25 • 2:06 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများလုပ်ရန် ညမထွက်ရအမိန့် တစ်ညရုပ်သိမ်း

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် ညမထွက်ရအမိန့်ကို တစ်ညရုပ်သိမ်းကြောင်း မြို့တွင်းလိုက်လံကြေညာသည်။ ယနေ့ ဒီဇင်ဘာလ ၂၅...

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် ညမထွက်ရအမိန့်ကို တစ်ညရုပ်သိမ်းကြောင်း မြို့တွင်းလိုက်လံကြေညာသည်။ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် ကျရောက်မည့် ခရစ္စမတ်နေ့အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သောကြောင့် ည ၁၁ နာရီမှ နံနက် ၃ နာရီအတွင်းထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား ခရစ္စမတ်နေ့တွင် ခတ္တပယ်ဖျက်ထားသည်ဟု ကြေညာခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ပြီးခဲ့သည့် ထားဝယ်တန်ဆောင်နှင့် ဒီဇင်ဘာလ ၁၉ရက်က ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့တို့တွင်လည်း ထားဝယ်မြို့တွင် ညမထွက်ရက်အမိန့်ကို ရုပ်သိမ်းကာ ပျော်ပွဲရွှင်ပွဲများ ညလုံးပေါက်ကျင်းပခဲ့သည်။ ခရစ္စမတ်နေ့ ညတွင် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရန် ထားဝယ်မြို့ ကမ်းနားလမ်းပန်းခြံနှင့် ကမ်းနားလမ်း တို့တွင် လျှပ်စစ်ရောင်စုံမီးများနှင့် အလှဆင်ထားပြီး စင်တင်တေးဂီတဖြင့် ဖျော်ဖြေရန်လည်း စီစဉ်ထား ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။ ယင်းအပြင် ကမ်းနားပန်းခြံအနီး ထားဝယ်မြစ်တွင်း ရေပေါ် စားသောက်ဆိုင်ဖွင့်လှစ်ထားသည်။

news-view-count-icon

35