ဘန်ကောက် ရဲ့ Asiatique The Riverfront မှာ လာမယ့် ၂၀၂၆ နှစ်သစ်ကူးညအတွက် "Countdown in the Sky" ဆိုတဲ့ အထူးအစီအစဉ်တစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲကတော့ အာရှပစိဖိတ်ဒေသရဲ့ အမြင့်ဆုံးဖြစ်တဲ့ Skyflyers လို့ခေါ်တဲ့ ဧရာမ ဒန်းစီးကစားနည်းကြီးပေါ်မှာ စီးနင်းလိုက်ပါရင်း နှစ်သစ်ကူးအချိန်ကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ဒီကစားနည်းက ၃၆ ထပ်တိုက် အမြင့်နဲ့ညီမျှတဲ့ မီတာ ၁၃၅ အမြင့်အထိ ရောက်ရှိမှာဖြစ်လို့ ကျောက်ဖရားမြစ်ကမ်းတစ်လျှောက် ပစ်ဖောက်မယ့် မီးရှူးမီးပန်းတွေကို ၃၆၀ ဒီဂရီ ရှုထောင့်ကနေ အပေါ်စီးက ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ဒီအစီအစဉ်အတွက် လက်မှတ်ဈေးနှုန်းကတော့ တစ်ဦးကို ၁,၉၉၉ ဘတ် ကျသင့်မှာဖြစ်ပြီး သန်းခေါင်ယံ နှစ်သစ်ကူးအချိန် အတိအကျစီးနင်းဖို့အတွက် ထိုင်ခုံ ၂၄ နေရာစာပဲ သီးသန့် ရောင်းချပေးမှာ ဖြစ်တဲ့အတွက် ဒါဟာ တကယ့်ကို ရှားပါးတဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာမှာပါ။
Dec 25 • 2:04 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


