မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးသို့ ယခုနှစ် ဒီဇင်ဘာလ ရုံးပိတ်ရက်ရှည်ကာလအတွင်း ဘုရားဖူး ခရီးသွားများ လာရောက်မှု အလွန်များပြားလျက်ရှိပြီး ရင်ပြင်တော်ပေါ်မှာပါ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဘုရားဖူးများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် နေ့စဉ် တောင်တက်မော်တော်ယာဉ်အစီးရေ ၁၅၀ ဖြင့် ပြေးဆွဲပေးနေပြီး ခရီးသွား များပြားလွန်းမှုကြောင့် တောင်တက်ကားများ စီးနင်းရန် ခရီးသွားများအနေနဲ့ အလှည့်ကျ စောင့်ဆိုင်းနေရတယ်လို့လည်း သိရပါတယ်။



