ယနေ့ ဒီဇင်ဘာ ၂၄ ရက်တွင် မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများစသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန် အကြောင်း နားလည်သော ခေတ်မီအိမ်ရှင်မများအား လက်ဆင့်ကမ်းပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်) ကို ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင်ပြုလုပ်ခဲ့သည်။ပြပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဝယ်ယူစားသုံးသူများအနေဖြင့် ဆန်အကြောင်းသိကောင်းစရာများအပေါ် ပိုမိုသိရှိ နားလည် သဘောပေါက်ပြီး ရွေးချယ်ဝယ်ယူသုံးစွဲနိုင်စေရန်၊ စားသုံးသူအိမ်ရှင်မများ ဆန်ဝယ်ယူရာတွင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စေရေး အထောက်အကူပြုနိုင်ရန်၊ အရည်အသွေး၊ အမှတ်တံဆိပ်နှင့် ဈေးနှုန်းဆိုင်ရာ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်၊ စားသုံးသူများ ပိုမိုသိရှိနားလည်လာသည်နှင့်အမျှ ထုတ်လုပ်ရောင်းချသူများအနေဖြင့် အရည်အသွေး စံချိန်စံညွှန်းများနှင့် ဈေးနှုန်းများသင့်တင့်မျှတရန်လိုအပ်ချက်အပေါ် ပိုမိုအလေးအနက်ထား လိုက်နာလုပ်ဆောင်ခြင်းဖြင့် မြန်မာ့ဆန်ဈေးကွက်တွင် ဈေးကွက်၏ အရည်အသွေးထိန်းကျောင်းမှုစနစ်တစ်ရပ်ကို ဖော်ဆောင်နိုင်ရန်၊ ကျင့်ဝတ်နှင့်မညီသောရောင်းချမှုများ ပပျောက်စေရန်တို့ဖြစ်ကြောင်း သိရသည်။



