ညောင်ရွှေ–မိုင်းသောက်ကြားလမ်းတွင် ဒီဇင်ဘာလ (၂၃) ရက်နေ့က အိမ်စီးကား (၃) စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံထံမှ သိရသည်။အဆိုပါ ယာဉ်တိုက်မှုသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန်သို့ သွားလာသည့် ညောင်ရွှေ–မိုင်းသောက်ကြားလမ်းပေါ်တွင် ယာဉ်တစ်စီးမှ တစ်စီးအား ကျော်တက်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထို့ပြင် ညောင်ရွှေ–မိုင်းသောက်ကြားလမ်းရှိ ဝိုင်ခြံအနီး လမ်းမပေါ်တွင် သစ်ပင်တစ်ပင် လမ်းအလယ်၌ ရှိနေမှုကြောင့် ယခင် တစ်လမ်းသာ သွားလာနိုင်ခဲ့ရာမှ လက်ရှိတွင် သစ်ပင်ကို အလယ်ထားကာ အပေါ်လမ်း၊ အောက်လမ်း အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။



