ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းတွမ်းနယ်မြေ လွယ်ဆမ်ဆုန်တောင်တက်လမ်းတွင်ဒီဇင်ဘာ ၂၃ ရက် ညနေ ၆ နာရီကျော်အချိန်က ယာဥ်တိမ်းမှောက် မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အဆိုပါ ကားတိမ်းမှောက်ဖြစ်စဉ်တွင် ကားပေါ်တွင် လိုက်ပါလာသူ အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၃ ဦး ၊ စုစုပေါင်း (၆) ဦးအနက် အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ကျန်ရှိသူများမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ထိုယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်တွင် သေဆုံးလူနာနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသား ၃ဦး နှင့် အမျိုးသမီး ၁ ဦး တို့ကို ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိုင်းဆတ်မြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



