back

ပြည်ပလုပ်သား ၁ ဒဿမ ၂၃ သန်း ဂျပန်အစိုးရ ခေါ်ယူဦးမယ်

Dec 24 • 12:24 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ပြည်ပလုပ်သား ၁ ဒဿမ ၂၃ သန်း ဂျပန်အစိုးရ ခေါ်ယူဦးမယ်

ဂျပန်အစိုးရဟာ ပြည်ပလုပ်သား ၁ ဒဿမ ၂၃ သန်းကျော်ကို ကျွမ်းကျင်လုပ်သားတွေနဲ့ သင်တန်းသားသစ် စနစ်နှစ်ခုအောက်မှာ လက်ခံသွားဖို့ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၉...

ဂျပန်အစိုးရဟာ ပြည်ပလုပ်သား ၁ ဒဿမ ၂၃ သန်းကျော်ကို ကျွမ်းကျင်လုပ်သားတွေနဲ့ သင်တန်းသားသစ် စနစ်နှစ်ခုအောက်မှာ လက်ခံသွားဖို့ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၉ ခုနှစ် မတ်လကုန်အထိ သတ်မှတ်လုပ်သားအရေအတွက်ကို လက်ခံမယ့် အစီအစဉ်ကို ကျွမ်းကျင်သူအဖွဲ့ထံ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။  လက်ရှိစနစ်အရ သတ်မှတ်ထားတဲ့ ကျွမ်းကျင်လုပ်သားတွေအတွက် ကဏ္ဍ ၁၉ ခုမှာ လူ ရှစ်သိန်းကျော်ကို လက်ခံမယ်လို့ ပြောပါတယ်။ ၂၀၂၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ စတင်မယ့် အခြားစနစ်တခုမှာတော့ မူအရ သုံးနှစ်အတွင်း သတ်မှတ်ထားတဲ့ ကျွမ်းကျင်ဝန်ထမ်းအဆင့်ကို ရောက်ရှိစေဖို့ ပြည်ပလုပ်သားတွေကို လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားပါသည်။



news-view-count-icon

3