back

ကမ္ဘောဒီးယားက နေရာပေါင်း ၉၈ ခုသို့ BM-21 ရော့ကက်ဒုံးကျည် ၇၀၀ နီးပါးဖြင့် ပစ်ခတ်ကြောင်း ထိုင်းစစ်တပ်ထုတ်ပြန်

Dec 24 • 12:22 PM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားက နေရာပေါင်း ၉၈ ခုသို့ BM-21 ရော့ကက်ဒုံးကျည် ၇၀၀ နီးပါးဖြင့် ပစ်ခတ်ကြောင်း ထိုင်းစစ်တပ်ထုတ်ပြန်

ထိုင်းစစ်တပ်၏ ဒုတိယတပ်နယ်(Second Army Area) သည် အရှေ့မြောက်ပိုင်းဒေသရှိ လူနေရပ်ကွက်များ၊ နေအိမ်များ၊ ဘုရားကျောင်းကန်များနှင့် စာသင်ကျောင်းတစ်ကျောင်းပေါ်သို့ ကျရ...

ထိုင်းစစ်တပ်၏ ဒုတိယတပ်နယ်(Second Army Area) သည် အရှေ့မြောက်ပိုင်းဒေသရှိ လူနေရပ်ကွက်များ၊ နေအိမ်များ၊ ဘုရားကျောင်းကန်များနှင့် စာသင်ကျောင်းတစ်ကျောင်းပေါ်သို့ ကျရောက်ခဲ့သည့် BM-21 အချက်ပေါင်းများစွာပစ် ရော့ကက်ဒုံးကျည်များကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ပြသသည့် ဓာတ်ပုံများကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အရပ်သားများ နေထိုင်ရာဒေသများအတွင်း ရော့ကက်ကျည်များ ပျံ့နှံ့ကျရောက်ခဲ့ခြင်းသည် အဆိုပါတိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ်ကို ကောင်းမွန်စွာ ခွဲခြားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သလို၊ အရပ်သားများကို အကာအကွယ်ပေးရန် လုံလောက်သော အစီအမံများ ကင်းမဲ့နေကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ထိုင်းစစ်တပ်က စွပ်စွဲထားထားသည်။  



news-view-count-icon

2