back

မြန်မာနိုင်ငံ၌ Influenza A H3N2 Subclade K ရောဂါပိုး မတွေ့သေး

Dec 24 • 12:15 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ၌ Influenza A H3N2 Subclade K ရောဂါပိုး မတွေ့သေး

Influenza A H3N2 Subclade K ရောဂါပိုးရှိ မရှိ ဓာတ်ခွဲစမ်းသပ်ခဲ့ရာမှာတော့ အခုအချိန်အထိ မတွေ့သေးပေမဲ့ လူထုအတွင်း Influenza A H3N2 ရောဂါပိုးကို ခုခံနိုင်မဲ့ ကိုယ်ခ...

Influenza A H3N2 Subclade K ရောဂါပိုးရှိ မရှိ ဓာတ်ခွဲစမ်းသပ်ခဲ့ရာမှာတော့ အခုအချိန်အထိ မတွေ့သေးပေမဲ့ လူထုအတွင်း Influenza A H3N2 ရောဂါပိုးကို ခုခံနိုင်မဲ့ ကိုယ်ခံအားအသင့်အတင့် ရှိနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့တုပ်ကွေးကာကွယ်ဆေးနဲ့ ကုသဆေးတွေ ဟာ ကာကွယ်ကုသနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အထူးစိုးရိမ်ဖို့မလိုဘူးလို့ ဆိုပါတယ်။ဒါပေမဲ့ ရာသီတုပ်ကွေးရောဂါပိုးဟာ က‌လေးငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ခံအားစနစ်ကျဆင်းနေသူ၊ နာတာရှည် ရောဂါအခံရှိသူနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပိုမိုပြင်းထန်စွာ ခံစားရနိုင်တယ်လို့ အသိပေးထားပါတယ်။ ရောဂါကာကွယ်ရေးတွေအနေနဲ့ စနစ်တကျလက်ဆေးတာ၊ ရောဂါပိုးကူးစက်ခံရသူ ဒါမှအဟုတ် သံသယလူနာ တွေနဲ့ ခပ်ခွာခွာနေတာ၊ ဖျားနာတာ အစရှိတဲ့ သံသယလက္ခဏာရှိသူတွေအနေနဲ့ နှာချေချောင်းဆိုးတာခံစားရရင် နှာခေါင်းစည်းတပ်ဆင်တာတို့ကို ဆောင်ရွက်ဖို့လိုတယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။



news-view-count-icon

35