ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေက တောင်ဥက္ကလာပမြို့နယ်(၁၄)ရပ်ကွက်၊ ကြက်မောက်(၁)လမ်းထဲမှာ ကျူးကျော်နေထိုင်တဲ့ ပလုံကောက်သူ အမျိုးသား ၂ ဦးဟာ အမှိုက်ပုံက ၄၀ မမ ဗုံးသီး ၁၀ လုံးခန့်ထည့်ထားတဲ့ အိတ်တစ်ခုကောက်လာပြီး နေအိမ်မှာ ဗုံးသီးထဲက ကြေးကိုလိုချင်လို့ ထုခွဲကြရာက ဗုံးပေါက်ကွဲပြီး သေဆုံးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူ ၂ ဦးဟာ ပလုံကောက်တဲ့ ကိုစိုး(ခ)ညီညီစိုးနဲ့ ကိုဖိုးဇော်ဆိုသူတို့ ဖြစ်တယ်လို့သိရကာ စစ်ကော်မရှင်တပ်တွေ ရောက်လာပြီး ဗုံးသီးတွေကို ယူဆောင်သွားတယ်လို့ သိရပါတယ်။



