back

ရန်ကုန်နှင့်အခြားဒေသ(၈)ခုမှာ ညပိုင်းပိုအေးလာမည်

Dec 24 • 7:14 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်နှင့်အခြားဒေသ(၈)ခုမှာ ညပိုင်းပိုအေးလာမည်

ဒီဇင်ဘာလကုန်ပိုင်းတွေမှာ ရန်ကုန်နဲ့ဒေသ(၈)ခု ညပိုင်းပိုအေးလာဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။နောက် ၂ ရက်အတွက်ခန့်မှန်းချက် အနေဖြင...

ဒီဇင်ဘာလကုန်ပိုင်းတွေမှာ ရန်ကုန်နဲ့ဒေသ(၈)ခု ညပိုင်းပိုအေးလာဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။နောက် ၂ ရက်အတွက်ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်တယ်လို့ဆိုပါတယ်။ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းဖို့ရှိတယ်လို့ သိရပါတယ်။

news-view-count-icon

36