back

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်နှင့် မန္တလေးနန်းမြို့ရိုးတို့ကို ပြန်လည်ပြုပြင်ထိန်းသိမ်းနေ

Dec 24 • 7:19 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်နှင့် မန္တလေးနန်းမြို့ရိုးတို့ကို ပြန်လည်ပြုပြင်ထိန်းသိမ်းနေ

မတ်လက ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားပြတိုက် (နေပြည်တော်) ၊ အမျိုးသားစာကြည့်တိုက်နှင့် မန္တလေးနန်းမြို့ရိုးတိ...

မတ်လက ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမျိုးသားပြတိုက် (နေပြည်တော်) ၊ အမျိုးသားစာကြည့်တိုက်နှင့် မန္တလေးနန်းမြို့ရိုးတို့ကို ပြန်လည်ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။အမျိုးသားပြတိုက်တွင်မူ ပရိုင်းမိတ်နှင့်ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်) ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ မြန်မာ့လက်မှုအနုပညာပြခန်းနှင့် အာဆီယံပြခန်းတို့ ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ငလျင်ကြောင့် ပျက်စီးခဲ့သည့် A ဆောင်၊ B ဆောင်ရှိ e-library ခန်း၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်း၊ C ဆောင်တို့ကိုလည်း ပြန်လည်ပြုပြင်နေသည်။



news-view-count-icon

44