စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား လစဥ်ပြုလုပ်ပေးလျက်ရှိသည့် ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းကို ဒီဇင်ဘာလ (၂၂) ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည်။နိုင်ငံ့တာဝန်များကို တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန် ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများအဆင်ပြေစေရန်အတွက် ရည်ရွ ယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လစဥ်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။



