လစ်ဗျားစစ်ဦးစီးချုပ် မိုဟာမက် အယ်လ်ဟက်ဒက် (Mohammed al-Haddad) နှင့် အခြားစစ်ဘက်ဆိုင်ရာ အရာရှိ ၄ ဦးတို့ လိုက်ပါလာသော စီးပွားရေးသုံး ဂျက်လေယာဉ်သည် အင်္ဂါနေ့ညနေပိုင်းက တူရကီနိုင်ငံ အန်ကာရာမြို့တောင်ဘက်တွင် ပျ-က်ကျခဲ့ရာ ၎င်းတို့အားလုံး ေ-သဆုံးသွားပြီဖြစ်ကြောင်း လစ်ဗျားနှင့် တူရကီအာဏာပိုင်များက ပြောကြားခဲ့သည်။အန်ကာရာမြို့ ဟေမာနာခရိုင်ရှိ ကတ်ဆစ်ကာဗက် ကျေးရွာအနီးတွင် ပျ-က်ကျခဲ့သော Falcon 50 ဂျက်လေယာဉ်၏ ပျ-က်စီးနေသော အစိတ်အပိုင်းများကို တူရကီပြည်ထဲရေးရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး က ပြောကြားခဲ့သည်။တူရကီနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ပြီးအပြန်တွင် အယ်လ်ဟက်ဒက်နှင့် အဆင့်မြင့်စစ်ဘက်အရာရှိအချို့ လေယာဉ်ပျ-က်ကျေ-သဆုံးခဲ့ကြောင်းကို လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူလ် ဟာမစ် ဒီဘေးဘားကလည်း နောက်ပိုင်းတွင် အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ အစိုးရအနေဖြင့် "မတော်တဆဖြစ်ပွားရသည့် အခြေအနေများ" ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။



