ကမ္ဘောဒီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလုပ်ကိုင်လျက်ရှိသော တရားဝင်သို့မဟုတ် တရားမဝင် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးနှင့် ပက်သက်သည့် ဝန်ဆောင်မှုမျိုးစုံကို အခကြေးငွေပေးရန်မလိုအပ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။ထို့အတူ မြန်မာသံရုံးမှ ဆောင်ရွက်လျက်ရှိသည့် သံရုံးဝန်ဆောင်မှုများကို ခုတုံးလုပ်၍ လိမ်လည်ကောက်ခံသူများကိုတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။အဆိုပါထုတ်ပြန်ချက်ကို ယမန်နေ့ (ဒီဇင်ဘာ ၂၃ရက်) တွင် အသိပေးကြေညာထားခြင်းဖြစ်ကာ မြန်မာသံရုံးအနေဖြင့် မိမိနိုင်ငံသားများအကျိုး ကြည့်ရှုကာကွယ်စောင့်ရှောက်ရန် တစ်ခုတည်းသောစိတ်ဖြင့် စေတနာထားဆောင်ရွက်လျက်ရှိပြီး အခကြေးငွေ တစ်စုံတစ်ရာပေးရန် မလိုကြောင်း ဖော်ပြထားသည်။




