ဒီဇင်ဘာလ ခရစ်စမတ်ရုံးပိတ်ရက်အတွက် အထူးရထားတွေတိုးချဲ့ပြေးဆွဲဖို့ရှိ တယ်လို့ မြန်မာ့မီးရထားမှသိရပါတယ်။ခရစ္စမတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစွာ ခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ရန်ကုန်-ပြည်-ရန်ကုန်နဲ့ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်တွေကို ပုံမှန်ရထားတွေ အပြင် အထူးရထားများအား အောက်ပါနေ့ရက်တွေအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ရန်ကုန်-နေပြည်တော်လမ်းပိုင်းမှာ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့်လည်း ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။




