back

ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ စက်ရုံတစ်ခုတွင် မြန်မာလုပ်သား ၃၀ ကျော် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရ

Dec 24 • 3:42 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ စက်ရုံတစ်ခုတွင် မြန်မာလုပ်သား ၃၀ ကျော် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်ဘေးရှိ စက္ကူနှင့် ဖော့စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၃၀ ကျော်သည် ဒီဇင်ဘာ ၁၉ ရက်တွင် ကြိုတင်အကြောင်းကြားခြ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်ဘေးရှိ စက္ကူနှင့် ဖော့စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၃၀ ကျော်သည် ဒီဇင်ဘာ ၁၉ ရက်တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံခဲ့ရသဖြင့် နစ်နာကြေးရရှိရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ အကူအညီတောင်းခံထားသည်။ အဆိုပါအလုပ်သမားများသည် ၎င်းစက်ရုံ၌ လုပ်သက် ၇ လခန့်ရှိနေသူများဖြစ်ပြီး၊ အလုပ်ဝင်ရန်အတွက် ပွဲစားအား တစ်ဦးလျှင် အလုပ်လျှောက်ခ (စမတ်ကြေး) ၇,၅၀၀ ဘတ်နှင့် အထောက်အထားပြုလုပ်ခ ၆,၀၀၀ ဘတ် စုစုပေါင်း ၁၃,၅၀၀ ဘတ် ခန့်အထိ ပေးဆောင်ခဲ့ရသူများဖြစ်ရာ ယခုအခါ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

news-view-count-icon

20