back

မလေးရှားမှ မြန်မာနိုင်ငံသား ၈၀ အပါအဝင် နိုင်ငံခြားသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့ပြီး အမည်ပျက်စာရင်းသွင်း

Dec 24 • 3:43 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားမှ မြန်မာနိုင်ငံသား ၈၀ အပါအဝင် နိုင်ငံခြားသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့ပြီး အမည်ပျက်စာရင်းသွင်း

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၀ အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၁၁၅ ဦးကို ဒီဇင်ဘ...

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၀ အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၁၁၅ ဦးကို ဒီဇင်ဘာလ တတိယပတ်အတွင်း ၎င်းတို့၏ မူရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ နေရပ်ပြန်ပို့ခံရသူများကို ကွာလာလမ်ပူလေဆိပ်များနှင့် ရေကြောင်းဆိပ်ကမ်းများမှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့အားလုံးကို မလေးရှားနိုင်ငံအတွင်းသို့ သတ်မှတ်ကာလတစ်ခုအထိ ပြန်လည်ဝင်ရောက်ခွင့်မပြုရန် အမည်ပျက်စာရင်း (Blacklist) သွင်းထားကြောင်း သိရသည်။

news-view-count-icon

44