back

ရာအူးလ်ဟီမင်နက်ဇ် ပရီးမီးယားလိဂ်၏ ပယ်နယ်တီရာနှုန်းပြည့် စံချိန်ဟောင်းကို လိုက်မီ

Dec 24 • 2:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရာအူးလ်ဟီမင်နက်ဇ် ပရီးမီးယားလိဂ်၏ ပယ်နယ်တီရာနှုန်းပြည့် စံချိန်ဟောင်းကို လိုက်မီ

ဖူလ်ဟမ်တိုက်စစ်မှူး ရာအူးလ်ဟီမင်နက်ဇ် သည် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် ပယ်နယ်တီမှတစ်ဆင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပယ်နယ်တ...

ဖူလ်ဟမ်တိုက်စစ်မှူး ရာအူးလ်ဟီမင်နက်ဇ် သည် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် ပယ်နယ်တီမှတစ်ဆင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပယ်နယ်တီကို ရာနှုန်းပြည့်ဂိုးသွင်းယူနိုင်မှုအဖြစ် မန်စီးတီးကွင်းလယ်လူဟောင်း ယာယာတိုရေး တင်ရှိထားသည့် (၁၁) ကြိမ်ကန် (၁၁) ဂိုးဝင် စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်သည်။ ချယ်လ်ဆီးကြယ်ပွင့် ကိုးလ်ပါလ်မာသည် (၁၂) ဂိုးဖြင့် စံချိန်သစ်တင်ခဲ့ဖူးသော်လည်း ၎င်း၏မှတ်တမ်းမှာ ၂၀၂၅ ခုနှစ် မတ်လတွင် ရပ်တန့်သွားခဲ့ရာ၊ ဟီမင်နက်ဇ်အနေဖြင့် နောက်ထပ် ပယ်နယ်တီ (၂) ဂိုးကို အမှားအယွင်းမရှိ ထပ်မံသွင်းယူနိုင်ပါက ပရီးမီးယားလိဂ်၏ ပယ်နယ်တီရာနှုန်းပြည့်သွင်းယူနိုင်သည့် အကောင်းဆုံးစံချိန်သစ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

29