ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ငှားရမ်းထားသော မြန်မာ၊ ဗီယက်နမ်နှင့် လာအို တရားမဝင်ရွှေ့ပြောင်းလုပ်သားများအတွက် ယခုဒီဇင်ဘာလ ၂၆ ရက် နောက်ဆုံးထား၍ အလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှတစ်ဆင့် Work Permit အမြန်ဆုံးလျှောက်ထားကြရန် အလုပ်အကိုင်စီမံခန့်ခွဲရေးဌာနက ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) တွင် သတိပေးနှိုးဆော်လိုက်သည်။ အွန်လိုင်းမှ လျှောက်ထားပြီးပါက ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာမခံပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် အတွင်း လက်ဗွေနှိပ်ခြင်း (Biometric) လုပ်ငန်းစဉ်ကို အပြီးဆောင်ရွက်ရမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်များ ပြီးမြောက်ပါက (၁) နှစ် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကာ၊ သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်းမရှိပါက အလုပ်သမားရော လုပ်ငန်းရှင်ပါ ဥပဒေအရ ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
Dec 24 • 2:33 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


