back

ဆောင်းရာသီကာလ ရာသီတုပ်ကွေးရောဂါကူးစက်မှု ကြိုတင်ကာကွယ်ဖို့ ပြည်တွင်းကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်ကြေညာ

Dec 24 • 2:34 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဆောင်းရာသီကာလ ရာသီတုပ်ကွေးရောဂါကူးစက်မှု ကြိုတင်ကာကွယ်ဖို့ ပြည်တွင်းကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်ကြေညာ

ယခု ၂၀၂၅ ခုနှစ်ဆောင်းရာသီဖြစ်သည့် စက်တင်ဘာလမှစတင်၍ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရသော်လည်းကောင်း၊ အာရှဒေသအပါအဝင် ကမ္ဘာ့ဒေသများတွ...

ယခု ၂၀၂၅ ခုနှစ်ဆောင်းရာသီဖြစ်သည့် စက်တင်ဘာလမှစတင်၍ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရသော်လည်းကောင်း၊ အာရှဒေသအပါအဝင် ကမ္ဘာ့ဒေသများတွင်သော်လည်းကောင်း မြင့်တက်လျက်ရှိသဖြင့် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ကြေညာချက်အရ ကျန်းမာရေးဝန်ကြီးဌာနသည် တုပ်ကွေးရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုများအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး သတင်းအချက် အလက်များအရ Influenza A (H3N2)အမျိုးအစားရာသီတုပ်ကွေးရောဂါပိုးသည် ယခင်နှစ်များကပင် မြန်မာနိုင်ငံ တွင် ကူးစက်ဖြစ်ပွားခဲ့ကြောင်း၊ ယခုနှစ်စက်တင်ဘာလမှစတင်၍လည်း အဓိက ကူးစက်ဖြစ်ပွားသည့် ရာသီတုပ်ကွေးရောဂါပိုး အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။လွန်ခဲ့သော ၆ လအတွင်း ကမ္ဘာ့နိုင်ငံ(၃၄)နိုင်ငံတွင် တွေ့ရှိခဲ့သည့် Influenza A (H3N2) Subclade K ရောဂါပိုးကိုမူ ဓာတ်ခွဲ စစ်ဆေးမှုများအရ မြန်မာနိုင်ငံတွင် မတွေ့ရှိသေးသော်လည်း လူထုအတွင်း Influenza A (H3N2) ရောဂါပိုးကို ကာကွယ်နိုင်မည့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေမည်ဖြစ်ကြောင်း၊ လက်ရှိအသုံးပြုနေသည့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများနှင့် ကုသသည့် ဆေးဝါးများဖြင့်လည်း ကာကွယ်ကုသနိုင်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ရန် မလိုကြောင်း သုံးသပ်ထားတယ်လို့ သိရပါတယ်။

ရာသီတုပ်ကွေးရောဂါပိုးသည် အသက်အရွယ်မရွေး ကူးစက်ဖြစ်ပွားနိုင်ပြီး ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ခံအားစနစ် ကျဆင်းနေသူများ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကင်ဆာရောဂါနှင့် အာရုံကြောရောဂါကဲ့သို့ နာတာရှည်ရောဂါအခံရှိသူများနှင့် ကိုယ်ဝန် ဆောင်များတွင် ရောဂါကူးစက်ဖြစ်ပွားပါက ရောဂါပိုမိုပြင်းထန်နိုင်ခြေရှိကြောင်း၊ ရာသီတုပ်ကွေးရောဂါပိုးသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှ ထွက်ရှိသည့် အစက်အမှုန့်များမှတဆင့် ကူးစက်ခြင်း(Droplet transmission)၊ ကူးစက်ရောဂါခံစားနေရသူနှင့်ထိတွေ့ခြင်း (သို့မဟုတ်) လက်ဆွဲနှုတ်ဆက်ခြင်းအစရှိသည့် အနီးကပ်ထိတွေ့ခြင်း၊ ရောဂါပိုးကပ်ငြိနေသည့် အရာဝတ္ထုအသုံးအဆောင်များနှင့် မျက်နှာပြင်များမှတဆင့် ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့အား ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထားပါတယ်။

news-view-count-icon

42