ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် တရားမဝင် တင်သွင်းလာသည့် ဒရုန်းအစီးရေ ၂,၅၀၀ ကျော်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းစစ်တပ်က ထပ်မံဖော်ထုတ် သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ဒရုန်းများသည် ယူကရိန်း-ရုရှားစစ်ပွဲတွင် အသုံးပြုခဲ့သည့် အမျိုးအစားများနှင့် ဆင်တူနေပြီး ကုန်လမ်းကြောင်းမှတစ်ဆင့် ခိုးဝင်လာခြင်းဖြစ်နိုင်ကြောင်း စစ်တပ်က ယူဆထားကာ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း အဆိုပါလေဆိပ်အနီးရှိ ဟိုတယ်တစ်ခုတွင် မြန်မာဘက်ထံ ရောင်းချရန် ရည်ရွယ်သည့် ဒရုန်း ၁၀ စီးနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးရမိထားသည့် ဖြစ်စဉ်နှင့် ဆက်စပ်မှု ရှိ၊ မရှိကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။
Dec 24 • 1:56 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


