ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ပူနယ်မြေရှိ စီလီကွန်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၆ နှစ်အရွယ် မြန်မာလုပ်သား မောင်သက်နိုင်သည် ဒီဇင်ဘာလ ၂၂ ရက် ညပိုင်းက စက်ရုံအတွင်းရှိ အနက် ၄-မီတာမှ ၅-မီတာခန့်ရှိသော ရေကန်ထဲသို့ ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းပျောက်ဆုံးနေသဖြင့် လုပ်ဖော်ကိုင်ဖက်များက လိုက်လံရှာဖွေရာမှ ရေကန်အတွင်း မျောနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က သေဆုံးရသည့် အကြောင်းရင်းမှန်ကို သိရှိနိုင်ရန် ရုပ်အလောင်းအား ဆေးရုံသို့ ပို့ဆောင်စစ်ဆေးနေသည့်အပြင် စက်ရုံပိုင်ရှင်နှင့် သက်ဆိုင်သူများကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Dec 24 • 1:55 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


