back

ချွန်ဘူရီတွင် အရက်အတူသောက်ရာမှ စကားများပြီး မြန်မာအလုပ်သမားအချင်းချင်း ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

Dec 24 • 1:54 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ချွန်ဘူရီတွင် အရက်အတူသောက်ရာမှ စကားများပြီး မြန်မာအလုပ်သမားအချင်းချင်း ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဖနတ်နိခုန်မြို့နယ်ရှိ အလုပ်သမားတန်းလျားတစ်ခုတွင် ဒီဇင်ဘာလ ၂၂ ရက်က အရက်အတူထိုင်သောက်နေသည့် မြန်မာလုပ်သားနှစ်ဦးဖြစ်သော ဇော်မျိုးနှ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဖနတ်နိခုန်မြို့နယ်ရှိ အလုပ်သမားတန်းလျားတစ်ခုတွင် ဒီဇင်ဘာလ ၂၂ ရက်က အရက်အတူထိုင်သောက်နေသည့် မြန်မာလုပ်သားနှစ်ဦးဖြစ်သော ဇော်မျိုးနှင့် အောင်ညီမင်းတို့ စကားများရန်ဖြစ်ရာမှ ဇော်မျိုးက အောင်ညီမင်းအား ဓားဖြင့် နောက်ကျောကို ထိုးသတ်ခဲ့သဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာရဲစခန်းသို့ သတင်းပေးပို့ချက်အရ အသက် ၃၂ နှစ်အရွယ် တရားခံ ဇော်မျိုးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ဖနတ်နိခုံရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

news-view-count-icon

19