ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဖန်ထောင်မြို့နယ်ရှိ ဆောက်လုပ်ရေးဆိုဒ်တစ်ခုတွင် ဒီဇင်ဘာလ ၂၃ ရက် ညပိုင်းက ထမင်းဘူးကိစ္စဖြင့် ရန်ဖြစ်နေသည့် မြန်မာအလုပ်သမားနှစ်ဦးကို ဝင်ရောက်ဖြန်ဖြေပေးခဲ့သော ထိုင်းလုံခြုံရေးဝန်ထမ်းတစ်ဦးသည် ရန်ဖြစ်သူတစ်ဦး၏ ဓားဖြင့် ၅ ချက်ဆင့် ထိုးနှက်မှုကြောင့် ရင်အုံနှင့် ဗိုက်တို့တွင် ဒဏ်ရာပြင်းထန်စွာရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့သည်။ အဆိုပါဖြစ်စဉ်အတွင်း အခြားမြန်မာအလုပ်သမားတစ်ဦးလည်း ဓားဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရပြီး၊ ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံမြန်မာလုပ်သားကို ထိုင်းရဲတပ်ဖွဲ့က အင်အားသုံး၍ အပူတပြင်း လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီတွင် မြန်မာလုပ်သားနှစ်ဦးရန်ပွဲကို ဝင်ရောက်ဖြန်ဖြေသည့် ထိုင်းလုံခြုံရေးဝန်ထမ်း ဓားထိုးခံရ၍ သေဆုံး
Dec 24 • 1:53 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


