ရွှေဘိုနှင့် ခင်ဦးကြား တိုက်ပွဲများကြောင့် မြစ်ကြီးနား-မန္တလေး လမ်းမကြီးကို ဒီဇင်ဘာ ၈ ရက်ကတည်းက ပိတ်ထားခဲ့ရပြီးနောက်၊ အစားထိုး အသုံးပြုနေသည့် ကွင်းရှောင်လမ်းပါ ထပ်မံပိတ်သွားသဖြင့်ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ ခရီးသည်တင်ယာဉ်နှင့် ကုန်ကား ရာနှင့်ချီ၍ နှစ်ဖက်စလုံးတွင် ပိတ်မိနေကြောင်း သိရသည်။ လမ်းပိတ်ထားရသည့် အကြောင်းရင်းတိကျစွာ မသိရသေးသော်လည်း ဒေသတွင်း ပရဟိတအဖွဲ့များက လမ်းပိုင်းအခြေအနေ မကောင်းသေးသဖြင့် အရေးမကြီးပါက ခရီးမသွားကြရန်နှင့် ခရိုင်ချင်းဆက်လမ်းအချို့ ပိတ်ထားဆဲဖြစ်ကြောင်း သတိပေးထားပြီး၊ လက်ရှိတွင် ကားအလတ်စားအချို့သာ တလိုင်း-ကျောက်ဖြူ-ပေါက်ကန်-မင်းကုန်း လမ်းပိုင်းမှ တစ်ဆင့် သွားလာနေကြရကြောင်း သိရသည်။
Dec 24 • 1:52 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 21 | 0 | 0 | 0 |


