back

မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်မည့် အလုပ်လုပ်သူများအနေဖြင့် ရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ရန် လို

Dec 24 • 1:45 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်မည့် အလုပ်လုပ်သူများအနေဖြင့် ရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ရန် လို

မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်လာသည့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိုက်ရောက် (Arrival) တွင် ဖွင့်လှ...

မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်လာသည့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိုက်ရောက် (Arrival) တွင် ဖွင့်လှစ်ထားသည့် "ရွှေ့ပြောင်းလုပ်သား အဝင် သတင်းပို့ကောင်တာ" (Arrival Counter) ၌ မပျက်မကွက် သတင်းပို့ကြရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ယင်းသို့ သတင်းပို့ခြင်းဖြင့် ခွင့်ရက်ပြည့်၍ ပြည်ပသို့ ပြန်လည်ထွက်ခွာသည့်အခါ လေဆိပ်စိစစ်ရေး လုပ်ငန်းစဉ်များတွင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

45