back

တောင်ကြီးမြို့တွင် ချယ်ရီပန်းများ မခူးကြရန် "Cherry Campaign" ဖြင့် မေတ္တာရပ်ခံ

Dec 24 • 1:42 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့တွင် ချယ်ရီပန်းများ မခူးကြရန် "Cherry Campaign" ဖြင့် မေတ္တာရပ်ခံ

ရှမ်းပြည်နယ်၏ အအေးပိုင်းဒေသတစ်ခုဖြစ်သော တောင်ကြီးမြို့တွင် ချယ်ရီပန်းများ စတင်ပွင့်လန်းနေပြီဖြစ်ရာ အလှအပအတွက် ခူးယူခြင်းနှင့် အကိုင်းအခက်များ ချိုးဖျက်ခြင်းမပြု...

ရှမ်းပြည်နယ်၏ အအေးပိုင်းဒေသတစ်ခုဖြစ်သော တောင်ကြီးမြို့တွင် ချယ်ရီပန်းများ စတင်ပွင့်လန်းနေပြီဖြစ်ရာ အလှအပအတွက် ခူးယူခြင်းနှင့် အကိုင်းအခက်များ ချိုးဖျက်ခြင်းမပြုလုပ်ရန် "Cherry Campaign" အမည်ဖြင့် အသိပညာပေး မေတ္တာရပ်ခံမှုများ ပြုလုပ်လျက်ရှိသည်။ သစ်တောပြုန်းတီးမှုနှင့် လူတို့၏ ပန်းခူးယူမှုများကြောင့် တောင်ကြီးမြို့ပေါ်ရှိ ချယ်ရီပင်များမှာ ဆယ်စုနှစ်တစ်ခုအတွင်း သိသိသာသာ လျော့နည်းလာခဲ့ကြောင်း၊ ချယ်ရီပန်းသည် ခူးယူပြီး မိနစ်ပိုင်းအတွင်း ညှိုးနွမ်းလွယ်သကဲ့သို့ အကိုင်းအခက်များ ချိုးယူခြင်းသည်လည်း အပင်၏ ရှင်သန်မှုကို ထိခိုက်စေကြောင်း ကမ်ပိန်းပြုလုပ်သူများက နှိုးဆော်ထားသည်။ ထို့ကြောင့် ရာသီစာပန်းလေးများနှင့် ဓာတ်ပုံရိုက်လိုသူများအနေဖြင့် ပန်းများကို မဖျက်ဆီးဘဲ သဘာဝအတိုင်း ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် မေတ္တာရပ်ခံထားခြင်းဖြစ်သည်။

news-view-count-icon

58