back

Myanmar Women League 2025-2026 ဒုတိယအကျော့ ပြိုင်ပွဲများ ယနေ့ ပြန်လည်စတင်

Dec 24 • 1:41 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

Myanmar Women League 2025-2026 ဒုတိယအကျော့ ပြိုင်ပွဲများ ယနေ့ ပြန်လည်စတင်

ဆီးဂိမ်းပြိုင်ပွဲကြောင့် ခေတ္တရပ်နားထားခဲ့သည့် Myanmar Women League 2025-2026 ဒုတိယအကျော့ ပွဲစဉ် (၁၀) ကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၃ နာရီခွဲတွင် စတင်ကျင်းပသွားမ...

ဆီးဂိမ်းပြိုင်ပွဲကြောင့် ခေတ္တရပ်နားထားခဲ့သည့် Myanmar Women League 2025-2026 ဒုတိယအကျော့ ပွဲစဉ် (၁၀) ကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၃ နာရီခွဲတွင် စတင်ကျင်းပသွားမည်ဖြစ်သည်။ အဖွင့်ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်စီးတီး၊ YERO နှင့် Young Lionesses အသင်းတို့သည် ကွင်းနှစ်ကွင်းခွဲ၍ တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၂၆ ရက်တွင်လည်း မြဝတီနှင့် I.S.P.E၊ ဧရာဝတီနှင့် သစ္စာအားမာန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ လက်ရှိတွင် ကလပ်အသင်းအသီးသီးသည် ဒုတိယအကျော့အတွက် ကစားသမားသစ်များကို အားဖြည့်ပြင်ဆင်ထားကြသဖြင့် ပြိုင်ပွဲများမှာ ပိုမိုအကြိတ်အနယ်ရှိလာနိုင်ကြောင်း သိရသည်။

news-view-count-icon

34